လူကြိုက်များသော စာပေများ

Monday, October 29, 2012

တို့ရွာကျောင်းရဲ့ ပွဲတော်များ (၂)


၂။ ဆီမီးတစ်ထောင်ပူဇော်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့
                   တို့ရွာကျောင်းရဲ့ပွဲတော်များအကြောင်းကို တင်ပြလာခဲ့သည်မှာ ယခုဆိုရင် ဒုတိယ
မြောက် ပွဲတော်တစ်ခုကို ရောက်ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့အမည်က ဆီမီးတစ်ထောင်
ပူဇော်ပွဲနှင့်အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။
“သီတင်းကျွတ်လ”သည်   ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက်   အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။

တို့ရွာကျောင်းရဲ့ ပွဲတော်များ(၁)


တောရွာဓလေ့ပွဲတော်များသည်အလွန်ပင်  ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည်။ပျော်ရွင်ချမ်းမြေ့ဖွယ် 
 ကောင်းသော တောရွာဓလေ့ပွဲတော်များကို ရှေးလူကြီးသူမများက ဘာသာရေးကိုလူတွေ  အလေးထားဂရုပြုမိစေရန်နှင့်ဘာသာတရားကိုင်းရှိုင်းပြီးကုသိုလ်တရားတိုးပွါးစေရန်ဆိုတဲ့ရည်ရွယ် ချက်များနှင့်  ပွဲတော်များကိုစီမံဖန်တီးပြီးထားခဲ့ကြသည်။ဒဂုံတောင်ပိုင်းမြို့နယ်တာကြောင်ကလေးကျေးရွာ
(ယခု-၂၆ရပ်ကွက်)ရှိရွာမကျောင်းတိုက်ကြီးသည် ရှေးပဝေသဏီကတည်းကတည်ရှိသည့်ကျောင်း တိုက်ကြီးဖြစ်သည်။ ကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီးမြို့ရွာများ
ဖြစ်လာသော်လည်း တောဓလေ့ တောဟန်နှင့် ကျေးလက်သဘာဝရှု့ခင်းများကိုမူ 
ယခုတိုင်မြင်တွေ့ရဆဲပင်ဖြစ်သည်။