လူကြိုက်များသော စာပေများ

Monday, October 29, 2012

တို့ရွာကျောင်းရဲ့ ပွဲတော်များ (၂)


၂။ ဆီမီးတစ်ထောင်ပူဇော်ပွဲနှင့် အဘိဓမ္မာအခါတော်နေ့
                   တို့ရွာကျောင်းရဲ့ပွဲတော်များအကြောင်းကို တင်ပြလာခဲ့သည်မှာ ယခုဆိုရင် ဒုတိယ
မြောက် ပွဲတော်တစ်ခုကို ရောက်ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့အမည်က ဆီမီးတစ်ထောင်
ပူဇော်ပွဲနှင့်အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။
“သီတင်းကျွတ်လ”သည်   ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက်   အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။


                  ဝါဆိုလမှ စ၍ ဝါတွင်းသုံးလတိုင်တိုင် သီတင်းသီလ ဆောက်တည်ကျင့်သုံးခဲ့ကြရာမှ
  
ကျွတ်လွတ်ပြီဟူသော အထိမ်းအမှတ်ဖြင့် “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ကြဟန် တူပေလိမ့်မည်။
ထို့ပြင် ဗုဒ္ဓသားတော် ရှင်ရဟန်းတို့အနေဖြင့် ဝါတွင်းသုံးလဒေသစာရီ ကြွချီမှု မရှိဘဲ တမိုးခို တဝါဆို

 သီတင်းသုံးခဲ့ရာမှ  ကျွတ်လွတ်သော ‘လ’ဖြစ်၍လည်း “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေ
လိမ့်မည်။    သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီဆိုလျှင်ကား  “သီတင်းကျွတ်မီးထွန်းပွဲတော်”ကို

 ခြိမ့်ခြိမ့်သဲသဲ နွှဲပျော်ကြလေသည်။ ဤသည်မှာ ဗုဒ္ဓဘာသာမြန်မာတို့၏ဖြစ်သည်။ 
              ထုံးတမ်းစဉ်လာ ဘာသာရေးပွဲတော် တစ်ခုဖြစ်တဲ့  သတင်းကျွတ် မီးထွန်းပွဲတော် ကို၊ ဒဂုံ
တောင်ပိုင်မြို့နယ်၊ (၂၆)ရပ်ကွက်(တောကြောင်ကလေးရွာ)ရွာမစာသင်တိုက်ကြီးတွင်၊နှစ်စဉ်နှစ်တိုင်း
ကျင်းပကြသည်။ ကျင်းပလာခဲ့သည်မှာ ကျေးရွာအနေနှင့်ရှိစဉ်ကတည်းဖြစ်တာကြောင့် အကြိမ်အရေ
အတွက်မရှိသော်လည်း ကြာမြင့်ခဲပြီဖြစ်သည်။ ပွဲတော်ရဲ့အမည်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲနှင့် အဘိ
ဓမ္မာအခါတော်နေ့  ဖြစ်သည်။      ဆီးမီးတစ်ထောင်   ပူဇော်ပွဲကို ကျောင်းတိုက်ကြီးရဲ့ ဝေယျာဝစ္စကို
ဆောင်ရွက်နေကြတဲ့ ပုညကုသလသမ္ဘာရအသင်းက ဦးဆောင်ကျင်းပပြီး၊ အဘိဓမ္မာအခါတော်နေ့ကို
မူကား၊   ကျောင်းတိုက်ကြီးရဲ့ ၀တ်အဖွဲ့ဖြစ်တဲ့  သာသနာပါလ အသင်းက ဦးဆောင်ပြီး စီစဉ်ကျင်းပ
ကြတာဖြစ်ပါတယ်။ပုညကုသလသမ္ဘာရအသင်းမှ လူငယ်မောင်မယ်များသည်သူတို့ကောက်ခံရရှိထား
သောအလှူငွေများဖြင့် ဆီမီးခွက် ဆီ လောင်စာများ ၀ယ်ယူခြင်းတို့ကိုကြိုတင်ပြီး ပြုလုပ်ထားကြသည်။ 

လပြည့်နေ့ရောက်တဲ့အခါမှာတော့ဝယ်ယူထားတဲ့ဆီမီးခွက်ဆီ လောင်စာများကိုအဆင်သင့်မီးပူဇော်နိုင်
အောင်နေရာချထားကြရသည်။ ညနေ(၃)နာရီလောက်ကတည်းက အသင်းသူအသင်းသားများကဆီမီး
ခွက်ကို တန်းစီပြီးနေရာချသူကချဆီများကိုဇွန်းနှင့်လိုက်ထည့်တဲ့သူကထည့်၊ လောင်စာများကိုဆီမီးခွက်
ထဲသို့ ထည့်သူက ထည့်နှင့် စည်ကားစပြုလာပြီဖြစ်သည်။
                                          
ဆီမီးခွက်များကိုမိမိတို့စိတ်ကူးဥာဏ်နှင့်ပုံစံလှလှ ဖြစ်အောင်ပုံဖော်သူများကလည်းပုံဖော်ကြသည်။     

ပန်းပွင့်ပုံစံကြာဖူးပုံစံ များရှိသလို ပုညကုသလသမ္ဘာရအသင်း ဆီမီးတစ်ထောင်ပူဇော်ပွဲစသော 

စာတန်းများကိုလည်းဘုရားရင်ပြင်ပေါ်မှာ ဆီမီးခွက်များဖြင့်ပုံဖော်ကြသည်။ရောင်စုံပြုလုပ်ထားသော

မီးပုံးကလေးများကိုလည်း လမ်းဘေးဝဲယာမှ ကြိုးတန်းပြီးချိတ်ထားကြသည်။နေ၀င်စပြုလာသည်နှင့် 

လာရောက်ကြတဲ့လူတွေများလာပြီးစည်ကားလာသည်။ညနေ(၆)နာရီခွဲအချိန်မှာမီးစတင်ထွန်းညှိနိုင်

ပြီဖြစ်ကြောင်း သံချောင်းခေါက်ပြီးအချက်ပေးသည်။ သံချောင်းခေါက်ပြီး အချက်ပေးလိုက်သည်နှင့် 

တပြိုင်နက် ဖယောင်းတိုင်မီးများကိုင်ဆောင်ပြီး  အသင့်စောင့်နေကြသော  အသင်းသူအသင်းသား

များနှင့်  ရပ်ကွက်တွင်းမှ  လာရောက်ကြသော စေတနာရှင်များက မီးများကိုစတင်ပြီးထွန်းညှိပူဇော်

ကြသည်။ကိုးန၀င်းတန်ဆောင်းဘုရားငါးဆူတန်ဆောင်းတ၀၀ူစေတီရင်ပြင်တော်အနန္တဇိနဘုရားရင်

ပြင်တော်များ၌ရှိသော ဆီမီးခွက်များကို စတင်ပြီး မီးပူဇော်ကြသည်။
                        ပြီးနောက်လမ်းဘေးဝဲယာမှာတန်းစီထားသောဆီမီးခွက်များတန်းစီထားသော  

မီးပုံးများကိုထွန်းညှိကြသည်။မီးပူဇော်သူ လာရောက်ကြည့်ရှု့သူ ဘုရားဖူးရောက်လာကြသူများနှင့် 

အလွန်ပင်စည်ကားလျှက်ရှိသည်။ဆီမီးခွက်များအားလုံးကိုမီးများထွန်းညှိပြီးချိန်မှာတော့ ကျောင်း

တိုက်ကြီးတစ်ခုလုံးဆီမီးရောင်တို့ဖြင့်အလွန်ပင်တင့်တယ်လျှက်ရှိသည်။ ကောင်းကင်မှလမင်းကြီး

သည်လည်းဆီမီးရောင်များနှင့်အားပြိုင်ပြီးအစွမ်းကုန်သာလျှက်ရှိသည်။မြေပြင်မှဆီမီးများကလည်း

ကောင်းကောင်မှလမင်းကြီးကိုအန်တုလျှက် အစွမ်းကုန်အလှချင်းပြိုင်လျှက်ရှိသည်။ကောင်းကင်နှင့်   

ကမ္ဘာမြေပြင်တို့၏  အလှချင်းပြိုင် အနိုင်လုကြပုံများသည် ပန်းချီကားချပ်သဖွယ် သာယာလွမ်းမော

ဖွယ်ကြည်နူးဖွယ်ကောင်းလှပါပေသည်။လာရောက်ကြသောလူငယ်ကာလသားတချို့ကဗျောက်အိုး

ဖောက်ခြင်း၊  မီးရှူးမီးပန်းများ  လွှတ်ခြင်းနှင့်အတူ သူတို့ ကြိုတင် ပြုလုပ်လာသည့် ဆင်ရုပ် မြင်းရုပ်

သဏ္ဌာန် မီးပုံးပျံများကို ကောင်းကင်သို့ အပြိုင်အဆိုင် လွှတ်တင်လိုက်ကြလေသည်။
                      
ထိုနောက်တွင်ကားဆရာတော်သီတင်းသုံးသော ကျောင်းပေါ်၌“အဘိဓမ္မာအခါတော်နေ့”ကိုသာသနာ

ပါလ၀တ်အဖွဲ့က ဆက်လက်ြပီး ကျင်းပကြလေသည်။ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်
 

ပြီးနောက် ၀တ်အသင်းသူ အသင်းသားများက  အဘိဓမ္မာ(၇)ကျမ်း အကျဉ်းချုပ်ကို ပြိုင်တူ ရွတ်ဖတ် 

ပူဇော်ကြလေသည်။ အဲဒီနေ့ည၏ ကောင်းကင်ယံသည် သာသာနာပါလ ၀တ်အသင်းသူအသင်းသား

များ၏အဘိဓမ္မာရွတ်ဖတ်ပူဇော်သံများနှင့် သောသောညံလျှက်ရှိပါသည်။ည(၉)နာရီကျော်မှပဲအခမ်းအ

နားပြီးဆုံးပါသည်။

                         ဤ“အဘိဓမ္မာအခါတော်နေ့”ကျင်းပရခြင်းသည်လည်းသီတင်းကျွတ်လ၏ထူးခြား
သောဘာသာယဉ်ကျေးမှုပွဲတော်တရပ်ပင် ဖြစ်လေသည်။မြန်မာ့ယဉ်ကျေးမှုပွဲတော်များကျင်းပနေခြင်း
မှာအဓိပ္ပာယ်မဲ့မဟုတ်ချေ။ဘာသာရေး၊ယဉ်ကျေးမှုမှဆက်နွယ်လာသောပွဲတော်အစဉ်အလာများ ဖြစ်
သည်။ ဗုဒ္ဓမြတ်စွာသည် သက်တော်ထင်ရှားရှိစဉ်က ဝါတွင်းသုံးလမျှတာဝတိံသာသို့ ကြွ၍‘မယ်တော်
မိနတ်’ကိုအဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့သည်။     သီတင်းကျွတ်  လပြည့်နေ့တွင် 

အဘိဓမ္မာခုနစ်ကျမ်း  ဟောပြီး၍   မယ်တော်မိနတ်လည်း  တရားထူးရကာ  သောတာပန်  အရိယာ
အဖြစ်သို့  ဆိုက်ရောက်ခဲ့လေသည်။ ဤသို့လျှင်ဗုဒ္ဓမြတ်စွာသည်  ဓမ္မရေစင်တိုက်ကျွေး၍မယ်တော်
ကျေးဇူးကိုဆပ်ပြီးနောက် နေဝင်ဖြိုးဖျအမှောင်ပျိုးစအချိန်တွင် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့
သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။နတ်ဗြဟ္မာတို့ဖန်ဆင်းသည့် ရွှေစောင်းတန်း၊ငွေစောင်းတန်း၊    

ပတ္တမြားစောင်းတန်းသုံးသွယ်အနက်ဝဲယာတွင်နတ်ဗြဟ္မာတို့ခြံရံလျက်အလယ်ပတ္တမြားစောင်းတန်းမှ   

နေ၍  ဗုဒ္ဓမြတ်စွာ ပြန်လည်  ဆင်းသက်တော်မူခဲ့ပါသည်။   သင်္ကဿမြို့သူ  မြို့သားတို့သည်လည်း  

မြတ်ဗုဒ္ဓ၏  ရောင်ခြည်တော် ခြောက်သွယ်၊  နတ်ဗြဟ္မာတို့၏   တန်းဆာအရောင်တို့ဖြင့် ထွန်းပြောင်

ဝင်းဝင်း အသရေစုံခသည့် ရှင်တော်မြတ်ဘုရားကို ဖူးမဝ ရှုမဆုံး ပီတိလုံးလှိုက်ဖို ကြွလျက် မြေပြင်မှ   

မီးတုတ်  မီးပန်းတို့ဖြင့်  ဝှေ့ရမ်းပူဇော်ကြကာ အားပါးတရ ကြိုဆိုခဲ့ကြလေသည်။     ဤသာဓကကို 

ထုံးမူ၍“သီတင်းကျွတ်မီးထွန်းပွဲ”ကို အစဉ်ပင် ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်ပေသည်။

ဤဗုဒ္ဓမြတ်စွာ၏မိဘကျေးဇူးတန်ဖိုးထား၍ ကျေပွန်အောင်ဆပ်တော်မူခဲ့ပုံ၊အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ

ဟောကြားတော်မူခဲ့ပုံကိုထုံးသာဓကမူ၍ သီတင်းကျွတ်အခါသမယတွင်ရဟန်းသံဃာများ၊မိဘဘိုးဘွား

များနှင့် ဆရာသမားတို့အား ပူဇော်ကန်တော့ပွဲကို မြန်မာတိုင်းရင်းသားတို့ ဆင်နွှဲခဲ့ကြလေသည်။
              သီတင်းကျွတ်ချိန်တွင် တရပ်တကျေး နယ်အဝေးသို့ သွားရောက် အမှုထမ်းနေရသူများပင် 

မိဘရပ်ထံခွင့်နှင့်ပြန်လာကာအိမ်သူသက်ထားသမီးသားစုံစွာဖြင့်မိဘဘိုးဘွားတို့ကိုပူဇော်ကန်တော့ကြ

မြဲဖြစ်သည်။
                                
 ဤသည်ကားသီတင်းကျွတ်လပြည့်နေ့ည၌ကျင်းပသော တောကြောင်ကလေးကျေးရွာ     ရွာမစာသင်
တိုက်ကြီး၏  ဆီမီးတစ်ထောင်ပူဇော်ပွဲနှင့်  အဘိဓမ္မာအခါတော်နေ့၏  သိကောင်းစရာများဖြစ်ကြောင်း
စီစဉ်တင်ပြလိုက်ရပါသည်။              ။ 

အဘိဓမ္မာအခါတော်နေ့ ကျင်းပနေပုံနှင့် ဆီမီးများပူဇော်နေကြပုံများ










ဆီမီးလှူဒါန်းသဖြင့်ရနိုင်သောအကျိုး
                                     ၁.ပစ္စည်းဥစ္စာ ပေါများကြွယ်ဝခြင်း။
                                     ၂.အခြွေအရံ ပေါများခြင်း
                                     ၃.ဥာဏ်ပညာကြီးမားခြင်း
(ဥစ္စာ ကုလ      ပြည့်ဝအင်္ဂါ
ပညာကြီးမား    ဤသုံးပါး
မှတ်သား ဒီပ    အကျိုးတည်း။)

ဝါကျွတ်ကန်တော့ပန်း
(ပြင်သစ်မှာ ရေးသည်)
မလာဖြစ်နိုင်ဘု
ဝါခေတ် တခါကုန်တော့
မီးရောင်စုံ ကျွတ်သီတင်းကိုလ
ရင်တွင်းက ပူဆာဆာ။
သူတကာ ကန်တော့ပွဲတွေနှင့်
ညီအစ်ကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောင်ပြချိန်မို့
နေညိုမှာ မေအို တရှာလိမ့်
စာဆို လာလိုလှသော်လည်း
မှန်းဆရုံသာ။
နတ်ညီနောင် စားဖိုကြားဆီက
မွန်းစာဆို ဘယ်ကိုသွားတယ်လို့
လှေကားကို သူတို့မေးပြန်တော့
ဆိုတေးသံ မကြားတာဖြင့်
တဝါ နှစ်ဝါသို့ လျားပေါ့လို့
လှေကားက အဖြေလာ
စာဆိုမောင့် ငယ်ပေါင်း။
မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တခါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲလျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့် တ,ပေတော့
ဝေးက ပန်တောင်း။
ဆရာကြီးမင်းသုဝဏ်      (၁၉၃၈)

သီတင်းကျွတ်နှင့်ပ၀ါဏာပွဲ
          အထက်ပါ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဗုဒ္ဓဘာသာဝင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့ သည် နှစ်စဉ်မြင်တွေ့နေကြရပေသည်။ ကိုယ်တိုင်လည်း ပါဝင်ပြုလုပ် ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်အခါတွင် ခြိမ့်ခြိမ့်သဲ ပျော်ပွဲဆင်ခဲ့ကြရသည်ကို သတိတရ ရှိနေကြမည် မလွဲပေ။ သို့သော် - ˝ပ၀ါရဏာပွဲ˝ အကြောင်း သိသူကား နည်းလှပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤ ˝သီတင်းကျွတ် ပ၀ါရဏာပွဲတော်˝ ကား ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ဗုဒ္ဓချမှတ်ပေးခဲ့သော ကျင့်စဉ်၊ လုပ်ထုံးလုပ်ရပ် ဖြစ်သောကြောင့် ပါပေတည်း။
            ပ၀ါရဏာ မှာ ပါဠိစကားဖြစ်သည်။ ˝ဖိတ်ကြားခြင်း˝ ဟု အဓိပ္ပါယ်ရ၏။ ˝မြင်ရ၍၊ ကြားရ၍၊ သံသယဖြစ်၍ အပြစ်ရှိသည်ဟု ထင်မြင်ပါက ပြောဆို ဆုံးမတော်မူပါ˝ ဟု ရဟန်းတော် အချင်းချင်း ဖိတ်ကြားထားခြင်းကို ˝ပ၀ါရဏာ˝ ဟု ခေါ်ပါသည်။ ရဟန်းသံဃာတော်များအား အချင်းချင်း ဤသို့ ဖိတ်ကြားရန် ပညတ်တော်မူခဲ့ရခြင်း အကြောင်းကို အနည်းငယ် ချဲ့ပြပါဦးမည်။
            ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ဇေတ၀န်ကျောင်း၌ ၀ါကပ်တော်မူ၏။ ရဟန်း တော်တော်များများ လည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ၀ါကပ်ကြသည်။ ထိုရဟန်းတို့သည်˝အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး˝ ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား - ˝အချင်းချင်း စကားမပြောရ၊ ၀စီပိတ်နေရမည်˝ ဟူ၏။ ဆွမ်းခံရာမှ အရင်ဆုံးပြန်လည်ရောက်ရှိလာသူသည် ခြေဆေးရေ၊ ခြေဆေးအင်ပျဉ်၊ ခြေပွတ် အိုးခြမ်း တို့ကို ပြင်ဆင်ထားရမည်။ ဆွမ်းစားစရာ နေရာထိုင်ခင်း ခင်းကျင်းရမည်။ ပန်းကန် ခွက်ယောက်များ ဆေးကြောရမည်။ နေရာထိုင်ခင်း သိမ်းဆည်းရမည်။ သောက်ရေ သုံးရေအိုးများ နေထားတကျ ရှိစေ၍ ဆွမ်းစားကျောင်းကို တံမြက်လှည်း ရှင်းလင်းရမည်။ တစုံတဦးက သောက်ရေ သုံးရေ အိုးတို့၌ ရေမရှိသည် ကို တွေ့မြင်လျင် ဖြည့်လောင်းရမည်။ တဦးတည်း မနိုင်လျင် လက်အမူအရာဖြင့် အခြားရဟန်းတပါးကို ခေါ်၍ အကူအညီယူရမည်။ ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ၀စီပိတ် စည်းကမ်းချက် များဖြင့် တ၀ါတွင်းလုံး နေထိုင်ကြလေသည်။
              ထိုရဟန်းတော်များသည် သီတင်းဝါလ ကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံသွားရောက် ဖူးမြှော်ကန် တော့ကြလေ၏။ ဗုဒ္ဓမြတ်စွာသည် အာဂန္တုက ရဟန်းတော်များနှင့် ၀မ်းပန်းတသာ မေးမြန်းပြောဆိုလေ့ ရှိသည့်အတိုင်း  ˝ချစ်သားတို့ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့် တဦး ခိုက်ရန်ငြင်းခုန်မှု ပြုခြင်း မရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား˝ ဟုမေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တ၀ါတွင်းလုံး သူတို့နေထိုင်ခဲ့ကြပုံကို လျှောက်ထား၍ ˝ချမ်းသာစွာ နေခဲ့ရပါကြောင်း˝ ပြန်ပြောင်း လျှောက် တင်ကြသည်။
            ဤတွင် ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။ ˝သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်˝ ဟု ၀န်ခံကြသည်။ သင်တို့ ၏ ၀စီပိတ်အကျင့်သည် တောတွင်း တိရစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေနည်း ထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။ (ရန်သူဖြစ်လျင် အချင်းချင်း မပြောနိုင်၊ မဆိုနိုင်ကြ။) သင်တို့သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ˝ဟု  ကဲ့ရဲ့ ရှုံ့ချတော်မူကာ - ˝သာသနာပ တိတ္ထိတွေ ကျင့်စဉ်ဖြစ်သည့် ဤ လူအ အကျင့်၊ ၀စီပိတ် အကျင့်ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ˝ ဟုသိက္ခာပုဒ် ပညတ်ပိတ်ပင်တော်မူခဲ့လေသည်။
             ဗုဒ္ဓမြတ်စွာသည် ဤသိက္ခာပုဒ် ပညတ်တော်မူပြီးနောက် ၀ါကျွတ်ပြီးသော ရဟန်းတော်များအား အပြစ်မြင်က ကြားက ယုံမှားသံသယဖြစ်က ရေငုံနှုတ်ပိတ် (၀စီပိတ်) မနေဘဲ အချင်းချင်းပြောဆို ဆုံးမဖို့ ဖိတ်ကြားထားရန် ဆက်လက်မိန့်ကြားတော်မူခဲ့သည်။ ဤအချိန်အခါမှ စ၍ သီတင်းကျွတ် လပြည့်နေ့ရောက် တိုင်း ရဟန်းတော်များ၏ ˝ပ၀ါရဏာပွဲ˝သည် ပြုလုပ်မြဲဖြစ်လေသည်။  ထိုကြောင့် ရှေးပညာရှိတို့က -
˝မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ˝ဟု မော်ကွန်းထိုးခဲ့ကြခြင်း ဖြစ်ပေ၏။

ပ၀ါရဏာ ပြုလုပ်ပုံ အစီအစဉ်
             ကျောင်းတိုက်ရှိ သံဃာအားလုံး သိမ်ထဲတွင် စုရုံးနေရာယူကြရသည်။ သံဃာအားလုံးစုံသော အခါ သွက်လက်ချက်ချာသော ရဟန်းတပါးပါးက သံဃာအားလုံးကို အသိပေး လျှောက်ထားရ၏။ ˝အရှင်ဘုရား တို့  --- သံဃာတော်သည် တပည့်တော်၏ စကားကို နားစိုက်တော်မူပါ၊ ယနေ့ ပ၀ါရဏာ ပြုရမည့်နေ့ဖြစ်ပါ သည်၊ သံဃာတော်များ ညီလျှင် ပ၀ါရဏာ ပြုကြပါစို့˝။ ဤသို့ သံဃာအားလုံးအား အသိပေးပြီသော အခါ မထေရ်ကြီး (သံဃာပရိသတ်တွင် အကြီးဆုံးပုဂ္ဂိုလ်၊ သို့မဟုတ် ကျောင်းထိုင်ပုဂ္ဂိုလ်) ကစ၍ ဆောင့်ကြောင့် ထိုင်ကာ လက်အုပ်ချီမိုးလျက် သိမ်အတွင်းရှိ သံဃာ အားလုံး ကြားသိအောင် ဖိတ်ကြား လျှောက်ထားရပါသည်။
             ˝ငါရှင်တို့ - - - မြင်းခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း (သုံးမျိုး)ဖြင့် သံဃာအား ဖိတ်ကြားပါ၏။ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မထိန်မချန် အမှန်အတိုင်း ပြောဆို ဆုံးမကြပါ။ မိမိအပြစ်ကို သိမြင်ရလျှင် ကုစားပါမည်˝ ဟုသုံးကြိမ်တိုင်တိုင် လျှောက်ထား ရလေသည်။ ထို့နောက်ဝါစဉ်အလိုက် သံဃာအားလုံး အငယ်ဆုံးရဟန်းအထိ လျှောက်ထားရလေ၏။ ဤကား ရဟန်းတော်များ သိမ်အတွင်း သဘော တူညီ စည်းဝေး၍ ပ၀ါရဏာပြုလုပ်ရပုံဖြစ်ပါသည်။ ရဟန်းတော်များ သည် အချင်းချင်း ဤသို့ဖိတ်ကြားထားသဖြင့် တစုံတရာ အပြစ်မြင်တွေ့ရလျှင် အချင်းချင်း ပြောဆိုညွှန်ပြ ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပေသည်။
               ဗုဒ္ဓမြတ်စွာ ချမှတ်ပေးခဲ့သည့် ဤကျင့်စဉ်သည် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ˝ခေတ်မီဆဲ˝ဖြစ်သည်။ မှန်ပေသည်။ ဗုဒ္ဓမြတ်စွာသည် ˝သာသနာတော် စည်ပင်သန့်ရှင်းရေး၊ ရဟန်းတော်များ ကိုယ်ကျင့်ကောင်းရေး˝ အတွက်ဝေဖန်ရေးကို အားပေးခဲ့သည်။ အမှန်အတိုင်းပြောဆိုနိုင် ရေးကို အစဉ်တံခါးဖွင့်ပေးခဲ့သည်။ ချွတ်ချော်မှားယွင်းနေမှုများ မြင်နေပါလျက်၊ သိနေပါလျက် ပြောခွင့်၊ ဆိုခွင့်မရှိ၊ အ အကြီးလို နှုတ်ပိတ် နှုတ်ဆိတ်နေရခြင်းမျိုးကို လိုလားတော်မမူချေ၊ မိမိမှာ ချွတ်ယွင်းချက် အပြစ်တစုံတရာ ရှိနေလျင် အမြန် အမှန်အတိုင်း ပြုပြင်နိုင်ရေးကိုလည်းကောင်း၊ ချွတ်ယွင်းချက် အမှားများ တွေ့မြင်နေရလျှင် စိတ်သဘောထား ကြီးမားစွာဖြင့် မဆိုင်းမတွ ထောက်ပြ နိုင်ရေးကိုလည်းကောင်း လမ်းဖွင့်ပေးတော်မူခဲ့လေသည်။
ဗုဒ္ဓမြတ်စွာသည် ဤကဲ့သို့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားခြင်းဖြင့် -
(၁) အညမညာနုလောမ = အချင်းချင်း ပြောခွင့် ဆိုခွင့် ရှိခြင်း။
(၂) အာပတ္တိ၀ုဋ္ဌာန = အမှားကို အမြန်ဆုံး ပြုပြင်နိုင်ခြင်း။
(၃) ၀ိနယပုရေက္ခာရ = ကိုယ်ကျင့်တရား မြင့်မားရေး ဦးတည်ခြင်း ဆိုသည့် အကျိုး ၃ - မျိုးဖြစ်ထွန်း ရရှိနိုင်မည် ဖြစ်ကြောင်း အတိအလင်း မိန့်ကြားခဲ့ပေ၏။
           ဗုဒ္ဓမြတ်စွာ၏ ဤပ၀ါရဏာ ကျင့်စဉ်သည် ပုဂ္ဂိုလ် အချင်းချင်းသာ မဟုတ်၊ အဖွဲ့အစည်းများ၊ နိုင်ငံအုပ်ချုပ်သူများပါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းကောင်းများဖြစ်ပါသည်။ လောကတွင် ˝မမှားသော ရှေ့နေ၊ မသေသော ဆေးသမား˝ မရှိနိုင်ချေ။ အမြှော်အမြင်ရှိသူ ပညာရှင်တို့၏ ညွန်ပြချက်၊ ဝေဖန်ချက်၊ မရယူဘဲ ˝ငါ့လှေ ငါထိုး၊ ပဂိုးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်˝ ဟု ငါထင်ရာ ငါသဘော ငါတကော ကောနေပါလျှင် ပျက်စီးဆုံးရှုံးခြင်း၊ နစ်နာခြင်းများဖြင့် ရင်ဆိုင်ရမည်မလွဲပေ။ ဤသို့ ˝ငါတကော ကောနေသူများ˝ကို မြတ်ဗုဒ္ဓက ဆန့်ကျင်ဟန့်တားတော်မူခဲ့၏။ ˝အပြစ်မြင်လျှင် အချင်းချင်းပြောဆို ညွှန်ပြခြင်း၊ အမှားများကို ပြုပြင်သွားခြင်းဖြင့်သာ  ငါဘုရား၏ ပရိသတ်သည် ကြီးပွါး ချမ်းသာနိုင်သည်၊ ညီညွတ်သော အစည်းအရုံးသာ အငြင်းအခုန် ခိုက်ရန်ကင်း၍ ချမ်းသာခြင်း သုခကို ရရှိနိုင်သည်˝ ဟု မိန့်ကြားတော်မူခဲ့သည်။ (၀ိနည်းပါဠိတော်)။
           တခါက အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် အမှတ်တမဲ့ဖြစ်၍ သင်္ကန်းစ တဖက် လျှော့ကျ နေလေ၏။ ထိုအခါ ရှင်သာမဏေ ငယ်လေးတပါးက ˝အရှင်ဘုရား - - - အရှင်ဘုရားရဲ့ သင်္ကန်းစ မညီမညာ ဖြစ်နေပါတယ်˝ ဟု ထောက်ပြခဲ့သည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ˝မလောက်လေး မလောက်စား ကိုရင်လေးက ငါ့ကို ပြောရပါမည်လား˝ ဟု အမှတ်ထားတော်မမူပေ။ သင်္ကန်းကို ညီညာစွာ ပြင်ကိုင်ပြီး ˝ဆရာ - - - ဒီအတိုင်း ဟုတ်ပါပြီလား˝ ဟု တလေးတစား မိန့်ကြားတော် မူခဲ့သည်။ ဤသည်မှာ ဗုဒ္ဓချမှတ်ပေးထားသည့် (ပ၀ါရဏာ) ကျင့်စဉ်ကြောင့် ရှင်ငယ်လေးပင် အမှားကို ထောက်ပြရဲခြင်း၊ ထောက်ပြနိုင်ခြင်းဖြစ်သည်။
            ဤသို့ အချင်းချင်းပြုပြင် ထိန်းသိမ်း၍ လာခဲ့ကြခြင်းကြောင့် ˝ထေရ၀ါဒ ရဟန်းတော်များ˝ ကို ယနေ့တွေ့မြင်နေရသေးခြင်း ဖြစ်သည်။ တခြားတပါးသော ဘာသာဝင်တို့၏ ထိုးနှက်ချက်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော မင်းဆိုး မင်းညစ်တို့၏ အဓမ္မနှိမ်နင်း တိုက်ဖျက်ချက်တို့၏ ဒဏ်ကား မသေးငယ်လှ၊ ခေတ် အဆက်ဆက် ထေရ၀ါဒ ရဟန်းတော်များ အလူးအလိမ့်ခံခဲ့ကြရသည်။ သို့သော်ရှိသမျှ အင်အား၊ ရှိသမျှ စွမ်းအားဖြင့် ထေရ၀ါဒ ကျင့်စဉ်ကို  ဗုဒ္ဓအလိုတော်ကျအတိုင်း မြဲမြဲ ဆုပ်ကိုင်လာခဲ့ကြသောကြောင့်သာ ဗုဒ္ဓမြတ်စွာသာသနာသည် ယနေ့တိုင် ˝ဗေဒါပျံ အံကိုခဲ၊ ပန်းပန် လျက်ပဲ˝ ဟု ဆိုရမလို ဖြစ်သည်။
           ˝တစုံတရာသော အမှားအယွင်း တွေ့မြင် ကြားသိ သံသယရှိပါက ပြောဆိုပါ၊ မိမိအမှားကို တွေ့ရလျှင် အမှန်ရောက်အောင် ပြင်ပါမည်˝ ဟူသော ဤဖိတ်မံချက်ဖြင့် ရဟန်းတော်များ အချင်းချင်း တံခါးဖွင့်ဝါဒ ကျင့်သုံး၍ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် တော်မူလာခဲ့ကြပေသည်။ ဗုဒ္ဓချမှတ် တော် မူခဲ့သည့် ဤကျင့်စဉ်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ တသွေမတိမ်း လိုက်နာကြမည်ဆိုပါလျင် နိုင်လို မင်းထက် မတရားနှိပ်စက်ခြင်း၊ အချင်းချင်းသတ်ဖြတ်ခြင်းများ ရှိတော့မည် မဟုတ်ပေ။ အချင်းချင်း သွေးစည်း ညီညွတ်၍ သာယာဝပြောသော လောကသစ်ကို ဖန်တီးနိုင်ကြပေလိမ့်မည်။
ဤကျင့်စဉ်မှ ကျွန်ုပ်တို့ သွေဖီကြလျှင်ကား -----
           (၁၉၉၄ ခုနှစ်၊ အောက်တိုလထုတ်၊ လောကချမ်းသာ စာစောင်မှ တစ်ဆင့်ကူးယူဖော်ပြလိုက်ပါသည်။ )


သံဃာ့ပဝါရဏာပွဲ၊ အကြောင်း သိကောင်းစရာ


(ပ၀ါရဏာက္ခန္ဓက အနှစ်ချုပ်)

ချစ်သားရဟန်းတို့ …

ဤသာသနာတော်၌ တရားနှင့်လျော်၍ ညီညွတ်သော ပ၀ါရဏာကံကိုသာပြုရမည်။

သင် ချစ်သားရဟန်းတို့ ပ၀ါရဏာပြုခြင်းသည်…

(၁)အချင်းချင်း လိုက်လျောခြင်း။

(၂)အာပတ်မှ ထမြောက်ခြင်း။

(၃)၀ိနည်းကို ရှေ့ရှုခြင်း (၀ိနည်းကို အဓိကထား၍ ကျင့်ကြံခြင်း)။… တို့ဖြစ်လတ္တံ့။

ရှင်တော်ဘုရားသည်…

ရဟန်းတော်အချင်းချင်း တစ်ပါးနှင့် တစ်ပါးညီညီညွတ်ညွတ် ပြောဆိုဆက်ဆံ ပြုမူနေထိုင်ခြင်းကို နှစ်သက်တော်မူ၏။



No comments:

Post a Comment