တောရွာဓလေ့ပွဲတော်များသည်အလွန်ပင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည်။ပျော်ရွင်ချမ်းမြေ့ဖွယ်
ကောင်းသော တောရွာဓလေ့ပွဲတော်များကို ရှေးလူကြီးသူမများက ဘာသာရေးကိုလူတွေ အလေးထားဂရုပြုမိစေရန်နှင့်ဘာသာတရားကိုင်းရှိုင်းပြီးကုသိုလ်တရားတိုးပွါးစေရန်ဆိုတဲ့ရည်ရွယ် ချက်များနှင့် ပွဲတော်များကိုစီမံဖန်တီးပြီးထားခဲ့ကြသည်။ဒဂုံတောင်ပိုင်းမြို့နယ်တာကြောင်ကလေးကျေးရွာ
ကောင်းသော တောရွာဓလေ့ပွဲတော်များကို ရှေးလူကြီးသူမများက ဘာသာရေးကိုလူတွေ အလေးထားဂရုပြုမိစေရန်နှင့်ဘာသာတရားကိုင်းရှိုင်းပြီးကုသိုလ်တရားတိုးပွါးစေရန်ဆိုတဲ့ရည်ရွယ် ချက်များနှင့် ပွဲတော်များကိုစီမံဖန်တီးပြီးထားခဲ့ကြသည်။ဒဂုံတောင်ပိုင်းမြို့နယ်တာကြောင်ကလေးကျေးရွာ
(ယခု-၂၆ရပ်ကွက်)ရှိရွာမကျောင်းတိုက်ကြီးသည် ရှေးပဝေသဏီကတည်းကတည်ရှိသည့်ကျောင်း တိုက်ကြီးဖြစ်သည်။
ကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီးမြို့ရွာများ
ဖြစ်လာသော်လည်း တောဓလေ့ တောဟန်နှင့် ကျေးလက်သဘာဝရှု့ခင်းများကိုမူ
ယခုတိုင်မြင်တွေ့ရဆဲပင်ဖြစ်သည်။
သောက်ရေကန်နှင့် ပဒုမ္မာကြာပန်းများသည်ယခုတိုင်တောသဘာဝရှု့ခင်းများကို
ပုံဖော်လျှက်ရှသည်။ ရိုးသားဖြူစင်သောတောသူတောင်သားတို့၏စိတ်ဓာတ်များလည်း ရပ်ကွက်သူရပ်ကွက်သားတို့၏အတွင်းကိန်းအောင်းလျှက်ပင်ရှိပါသေးသည်။ထိုအတူပဲ ရှေးလူကြီးများစီမံထားခဲ့သောပွဲလမ်းသဘင်များလည်းယခုတိုင်ထင်ရှားလျှက်ပင်ရှိသည်။ ဘာသာရေးအဆောက်အဦးများစွာရှိသော ကျောင်းတိုက်ကြီး၌ဘာသာရေးပွဲတော်များလည်း အများအပြားပင်ရှိသည်။ထိုပွဲတော်များအကြောင်းကိုဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ပါသည်။
၁။ ၀ါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ
နှစ်စဉ်ဝါဆိုလပြည့်ကျော်(၁)ရက်နေ့သည်ဝါဆိုသင်္ကန်းဝါဆိုပန်းများဆက်ကပ်လှူဒါန်းသော
နေ့ဖြစ်သည်။ထိုပွဲကိုကျောင်းတိုက်ကြီးရဲ့
ဥပထမ္ဘကအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်းရေးမှုးတို့ကဦးစီးပြီး
ရပ်ကွက်သူရက်ကွက်သားဒကာဒကာများကစီစဉ်ကျင်းပကြသည်။ကျင်းပလာခဲ့သည်မှာကြာပြီဖြစ်
သော်လည်းစနစ်တကျသတ်မှတ်ပြီးကျင်းပခဲ့သည်မှာဆယ်စုနှစ်ကျော်မျှသာရှိသေးသည်။
ရှေးယခင်ကမူ ကျောင်းတိုက်ကြီးအတွင်း သံဃာနည်းပါးသဖြင့် မထင်မရှားသာဖြစ်ခဲ့သည်။နောက်ပိုင်း
တွင်သံဃာဦးရေတိုးပွါးလာခြင်းလှူဒါန်းသောဒကာဒကာမအရေအတွက်များပြားလာခြင်းတို့ကြောင့်
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသည်ပီပြင်ထင်ရှားသောပွဲတော်တစ်ခုဖြစ်လာခဲ့သည်။ တောရွာဓလေ့
ထုံးစံများအတိုင်း အဲဒီနေ့မှာပဲ
ဝါဆိုပန်းများကိုလည်း ဆက်ကပ်လှူဒါန်းကြသည်။
ဝါဆိုသင်္ကန်း
ဝါဆိုပန်းများလာရောက်ဆက်ကပ်လှူဒါန်းကြသောသူများကိုလည်းအလှူရှင်.......တို့ မိသားစုမှ နှစ်စဉ်
အကျွေးအမွေးများနှင့်ဧည့်ခံကျွေးမွေးပါသည်။ထူးခြားမှု့တစ်ခုအနေနှင့်
ပြောရယင် ကျောင်းတိုက်
အတွင်းမှာရှိကြတဲ့ရုပ်ပွါးတော်များကိုလည်းအဲဒီနေ့မှာပဲကြာသင်္ကန်းများနှင့်ပူဇော်ဆက်ကပ်လှူဒါန်း
ကြသည်။ကြာသင်္ကန်းများကို
ဆက်ကပ် လှူဒါန်းရာ၌ သာဟတ္ထိကဒါန အပြင်ဝေယျာဝစ္စဒါနပါဖြစ်အောင်
ဆိုင်မှဝယ်ယူ
လှူဒါန်းခြင်းမျိုးမဟုတ်ပဲ ကိုယ်တိုင် လုပ်အားဒါနများဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
ကြာသင်္ကန်းကိုဝါဆိုလပြည့်နေ့ကတည်းကကြိုတင်ပြီးပြုလုပ်ထားကြသည်။ဝါဆိုလပြည့်၏ ကြာသင်္ကန်း
များပြုလုပ်သောနေ့သည်လည်း အထူးပင်စည်ကားလှသည်။
ကြာသင်္ကန်းလိုင်းဆွဲသူများပန်းပွင့်ဖော်သူများ ကြာဝတ်ဆံဖောက်သူများနှင့်လုပ်အားဒါနပြုကြသည်မှာအထူးကျေနူးဖွယ်ကောင်းလှသည်။
ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှာ
ပြုလုပ်ပြီးသားကြာသင်္ကန်းများကို ကျောင်းတိုက်အတွင်းမှာရှိကြသော
ရုပ်ပွါးတော်များကို ကပ်လှူ ပူဇော်ကြသည်။ဝါဆိုသင်္ကန်းဆပ်ကပ်ပွဲကိုလည်းအခန်းအနားအစီအစဉ်ဖြင့်စည်
ကားစွာကျင်းပကြသည်။
တက်ရောက်လာကြသော ၀ါဆိုသင်္ကန်းအလှူရှင်များက ကျောင်းတိုက်အတွင်းမှာ
ဝါဆိုဝါကပ်ကြမည့် သံဃာတော်
အပါး (၈၀) ကျော်တို့အား အသီးအသီး ၀ါဆိုသင်္ကန်းများ
ဆပ်ကပ်လှူဒါန်း ကြသည်။ ညဘက်မှာတော့ ကျောင်းတိုက်အတွင်း ၀ါဆိုကြမည့် သံဃာတော်များက
ကြီးစဉ်ငယ်လိုက် ၀ါဆိုကြသည်။
ဤသည်ကားတိုးကြောင်ကလေးရွာမစာသင်တိုက်၏
နှစ်စဉ်နှစ်တိုင်းဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှာ
ကျင်းပပြုလုပ်သော ၀ါဆိုသင်္ကန်းနှင့်
ဝါဆိုပန်းများဆက်ကပ် လှူဒါန်းပွဲဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
ရုပ်ပွါးတော်များအား ကြာသင်္ကန်းများ ကပ်လှူထားသည်ကို
ဖူးတွေ့ရစဉ်.
သံဃာတော်များဝါဆိုဝါကပ်ရခြင်းအကြောင်း
သံဃာတော်တိုင်းဝါဆိုလပြည့်နေ့တွင်ဝါကပ်တော်မူကြရပါသည်။ဝါကပ်ခြင်းကိုဝါဆိုခြင်း၊၀ါဝင်ခြင်းဟု
လည်းခေါ်ဝေါ်ကြသည်။ ၀ါကပ်ခြင်း
အဓိပ္ပါယ်မှာ ၀ါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ်ငါးခုမှ
အပ ကျောင်းတိုက်တစ်ခု၏အရာမ်(၀င်း)အတွင်းတွင်သာညဉ့်အိပ်ညဉ့်နေသီတင်းသုံးနေရ
ခြင်းကိုဆို
လိုသည်။ ၀ါဆိုလပြည့်နေ့တွင်ဝါကပ်ရမည်၊ ၀ါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား
ဝါဆိုလပြည့်ကျော် (၁) ရက်တွင်မှဝါကိုစတင်ကပ်ရ၊ ၀င်ရခြင်းဖြစ်သည်။ ၀ါဆိုလပြည့်နေ့သည်
နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ
မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်)
ကျောင်းတိုက် အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ၀ါဆိုလပြည့်နေ့တွင် ၀ါကပ်မည်ဟု
သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပ၀ါရဏာပြုရမည်ကိုနောက်ပြန်
တွက်ချက်ခြင်းအားဖြင့်ဝါဆိုလပြည့်ကျော် ၁-ရက်တွင်ဝါကပ်မှသာလျှင်သုံးလအတိ ပြည့်မည် ဖြစ်သော
ကြာင့်တည်း။ ရဟန်း သံဃာတော်တိုင်း ၀ါမကပ် မနေရ၊ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။
ဗုဒ္ဓမြတ်စွာရာဇဂြိုဟ်မြို့၊ ဝေဠုဝန် ကျောင်းတွင်သီတင်းသုံးစဉ်သံဃာတော်များအားမိုးတွင်းသုံးလ၀ါကပ်
ကြရန်ပညတ်ချက်ထားတော်မူသည်။ပညတ်တော်မူရခြင်းအကြောင်းရင်းမှာ၊ရဟန်းတော်များသည်
မြတ်စွာဘုရား၏
သာသနာပြု အဓိဌာန်ဖြစ်သော“မာဧကေန
ဒွေ-လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွား
ပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။နေ့မရွေး၊
ညမနား၊နေမိုးကို အန်တု၊ဆောင်းကို
မမှု သာသနာပြုစိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့လှည့်လည်ကာအသိအမြင်မပွင့်လင်းသေးသော
သူတို့အား ဗုဒ္ဓတရားတော်များ
ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး
ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင်ခရီးထွက်သည့်အခါကိစ္စမရှိ။လမ်းခရီးများခြောက်သွေ့
နေသဖြင့် ခရီးတွင်သည်။ကြွလိုသည့်လမ်းခရီးကို အလွယ်တကူနှင့်အမြန်ရောက်နိုင်သည်။ သို့သော်
မိုးတွင်းကာလတွင်ခရီးထွက်သည့်အခါ ပြဿနာရှိနိုင်သည်။လမ်းခရီးတွင်ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်
နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင်
ရေဖြင့် ပြည့်လျှံနေမည်။ထိုအခါ
ကွေ့ရ ပတ်ရမှသွားနိုင်သကဲ့သို့၊
မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြစ်
အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။
လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ဖို့ထားသည့် ကန်သင်းကို
ဖြတ်သန်း သွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြားလယ်သမားဆို
ပိုပင် ဆိုးမည်။
ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့
ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ပျက်ဆီး
ပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။စွတ်စိုတဲ့ကာလမှာတောင်
တနေရာထဲ နေဖို့
မကြိုးစားကြချင်ဘူး။ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင်အသိုက်အမြုံ အကျအန
ဆောက်ပြီး
နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့်
စကားတို့ဖြင့်
ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။
ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက် ရောက်လာသည့်အခါ အများ၏အကြည်ညိုခံ
ရဟန်းတော်များ အတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက်
ဝါကပ်ကြရန် ပညတ်ချက်
ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။
ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်
ပေါ်လာသည့်အခါ ၀ါတွင်းသုံးလအတွင်း
ဝါမကျိုးသော
(ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင်
၅-မျိုး
ခံစားခွင့်ရကြသည်။ မြန်မာပြက္ကဒိန်အရ
လေးနှစ်ရောက်တိုင်းပထမ၀ါဆိုဒုတိယ၀ါဆိုဟူ၍ခွဲခြားထား
သော်လည်း သံဃာတော်များ၏
ပထမ၀ါဆို ဒုတိယ၀ါဆိုမှာပြက္ကဒိန်အလို မဟုတ်ပါ။ဝါဆိုလပြည့်ကျော်
၁-ရက်နေ့တွင် ၀ါဆို ၀ါကပ်သော ရဟန်းတော်များကို ပုရိမ-၀ါဆို၊ ပုရိမ-၀ါကပ် ( အရပ်သုံးစကား-
ပထမ-၀ါဆို၊ ပထမ-၀ါကပ်
) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့်
ဝါခေါင်လပြည့်ကျော်
၁-ရက်တွင်မှ ၀ါဆို ၀ါဝင် ၀ါကပ်နိုင်သော သံဃာတော်များကို ပစ္ဆိမ-၀ါဆို
ပစ္ဆိမ-၀ါဝင်၊ ပစ္ဆိမ၀ါကပ်
( အရပ်သုံးစကား- ဒုတိယ-၀ါဆို၊ ဒုတိယ-၀ါဝင် ၊ ဒုတိယ-၀ါကပ်)ဟူ၍ သတ်မှတ်သည်။
ဝါဆိုလပြည့်ကျော်၁ရက်နေ့တွင်ဝါဆိုဝါ၀င်ဝါကပ်သောသံဃာတော်များသည်သီးတင်းကျွတ်လပြည့်
နေ့တွင် သုံးလပြည့်၍ ၀ါကျွတ်သည်။ ပ၀ါရဏာပြု ရသည်။ကထိန်အကျိုး ၅-မျိုး
ခံစားခွင့် ရသည်။
ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ၀ါဆို ၀ါဝင် ၀ါကပ်သော သံဃာတော်များသည်
တန်ဆောင်မုန်းလပြည့်နေ့တွင်သုံးလပြည့်၍ ၀ါကျွတ်သည်။ ပ၀ါရဏာပြု ရသည်။ကထိန်အကျိုး ၅-မျိုး
ခံစားခွင့် ဆုံးရှုံးသည်။ ၀ါတွင်း သုံးလပတ်လုံး (ပုရိမ+ ပစ္ဆိမနှစ်မျိုးလုံး) ၀ါဆို ၀ါဝင် ၀ါကပ်ထားသော
သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ၀ါတွင်းကာလ ခရီးထွက်ခွင့်
ရပါသေးသည်။
သို့သော်ဝါပန်ရမည်။၇ရက်၊၇ညမပြည့်မီ(၆ရက်၊၆ည)ကာလအတွင်းဝါကပ်ထားသည့်ကျောင်းကိုအရောက်
ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်းမူလ၀ါဝင်သောကျောင်းကို ပြန်မရောက်ပါက
ဝါကျိုးသည်ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ၀ါအရေအတွက်ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊
ကထိန်အနိသင်သာမရရှိခြင်း ဖြစ်သည်။ဝါကျိုး၊၀ါပျက်သော်လည်းသိက္ခာတော်၁၀ါ၊၂-၀ါ ရေတွက်နိုင်ပါသည်။
ထိုကြောင့် ၀ါတွင်း၌သံဃာတော်များ ညအိပ်ခရီးမထွက်ရဟု ပုံသေတွက် မထားကြပါရန်နှင့် ၀ါတွင်းကာလ
ခရီးထွက်နေသောရဟန်းတော်များကိုလည်းအပြစ်မမြင်ကြရန်လိုအပ်လှပေသည်။ရှေးခေတ်ရဟန်းတော်များ
ခရီးထွက်ရသည်မှာ“သာသနာပြုခရီးကြွချီကြလော့”ဟူသော မြတ်ဗုဒ္ဓ၏စကားတော်ကို လိုက်နာနေကြခြင်း
ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်--၀ါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နားကြားသည့်နောက်
ပဉ္စ၀ဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ၀ါဆိုလပြည့်ကျော်
၅-ရက်နေ့တွင်ဒုတိယတရားတော်ဖြစ်သောအနတ္တလက္ခဏသုတ်တော်ကိုနားကြားပြီးနောက်ပဉ္စ၀ဂ္ဂီငါးပါးလုံး
ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအ၀င် လူသား၆ဦးရဟန္တာ ဖြစ်ကြသည်။ယသမထေရ်အစရှိသောလူသား
၅၅-ဦးရဟန်းဝတ်ပြီးနောက်ရဟန်းတရားအားထုတ်သဖြင့်မဂ်ဖိုလ်ပေါက်ရဟန္တာအဖြစ်သို့ရောက်ရှိပြန်သည်။
ထိုနှစ် တန်ဆောင်မုန်းလပြည့်
မတိုင်ခင်ကာလအတောအတွင်းလူသား၆၁ဦးတို့ရဟန္တာဖြစ်နှင့်နေကြပေပြီ။
ထိုသို့ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါတစ်နေရာတည်းတွင်စုဝေးမနေကြဘဲနယ်လှည့်
သာသနပြုကြရန် မြတ်ဗုဒ္ဓကမိန့်ကြားသည်။သို့ဖြင့် နေ့မအား၊ညမနားရဟန်းတော်များခရီးထွက်ကာ မြတ်ဗုဒ
ၶ
္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း
ဖြစ်ပါသည်။
ကျမ်းကိုး-
၁။ ၀ိနယပိဋက၊ မဟာဝါ ပါဠိတော်၊ အဌကထာ၊ မဟာခန္ဓက၀ဂ်
၂။ သာသနာဝံသကျမ်း
ဝါဆိုသင်္ကန်းအကြောင်း
ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့
အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။
ဒီမိုးရေခံ သင်္ကန်းဆိုတဲ့ အခေါ်ကိုအသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့အမည်နဲ့ပဲတွင်တွင်ကျယ်ကျယ်
အသုံးပြုဖြစ်ခဲ့ကြပါတယ်။ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ
ဝါတွင်းကာလမှာသင်္ကန်းနဲ့ပတ်သက်ပြီးချမ်းချမ်းသာသာဖြစ်စေလိုကြတဲ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင်
ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ညီညွတ်တဲ့သင်္ကန်းအလှူ ဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ
ဖြစ်ပါတယ်။ဒီဝါဆိုသင်္ကန်းအလှူခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့အကြောင်းကဝိသာခါဒါယိကာမကြီးရဲ့တောင်းပန်
လျှောက်ထားမှု့ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည်
ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီး လေးကျွန်းလုံးမှာ သဲသဲမဲမဲ
မိုးကြီးရွာသွန်းခဲ့ပါတယ်။လေးကျွန်းလုံး မိုးကြီးရွာသွန်းတာဖြစ်တဲ့အတွက်ဘုရားရှင်ကရဟန်းတော်များကို
မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။အဲဒီအချိန်က ရဟန်းတော်များဟာသင်္ကန်းအပို အလှူခံခွင့်
မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအားလုံးကို ချွတ်ပြီး မီးမွေးတိုင်း ဖမွေးတိုင်း မိုးရေးချိုး
ဖြစ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိတဲ့ သံဃာတော်များကို
ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို
ဘုရားကျောင်းသွားပြီးဆွမ်းကိစ္စအကြောင်းကြားဖို့ စေလွှတ်လိုက်ပါတယ်။ အလုပ်အကျွေးဒကာမ ဟာ
ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ပြီး ကျောင်းမှာ ရဟန်းတော်များ
မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။ အခြေ
အနေအရပ်ရပ်ကိုသိနေတဲ့ ဝိသာခါကဉာဏ်နဲ့ ဆင်ခြင်ပြီး ဒါဟာရဟန်းတော်များ မိုးရေးချိုးနေကြတာ
ဖြစ်နိုင်ကြောင်း၊ဒါပေမယ့်သဒ္ဓါတရားနည်းသူများကတက္ကဒွန်းများနဲ့အထင်မှားနိုင်ကြောင်းသဘောပေါက်
ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များ အတွက် ဝဿိကသာဋိက စီဝရခေါ်
မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါတယ်။ဒါကို မြတ်စွာဘုရားရှင်ကလည်း
ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး
ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။
မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး
အချိန်ကာလသတ်မှတ်ချက်အကြောင်းလည်း ပြောဖို့လိုလာပါတယ်။ဒီမိုးရေခံသင်္ကန်းနဲ့ပတ်သက်ပြီးရဟန်း
တော်များအနေနဲ့ကိုယ်တိုင်ချုပ်လုပ်ပြီးသုံးဆောင်မယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ကာလကနယုန်လပြည့်ကျော်
(၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။
ဒီတော့ ဝါဆိုသင်္ကန်း အလှူနဲ့
ကထိန်သင်္ကန်းအလှူပြီးတော့ရိုးရိုးသင်္ကန်းအလှူဘယ်လို
ကွာခြားလဲလို့ မေးစရာ မေးခွန်းတွေလည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ်
အဝတ်သင်္ကန်းအလှူဟာ စေတနာပြတ်ပြီးလှူဒါန်းမယ်ဆိုရင်အကျိုးတရားကအပြည့်အဝရပြီးသားပဲ ဖြစ်ပါ
တယ်။ ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ= အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက်
ရုပ်ရည်အဆင်းလှပခြင်းကို ဖြစ်စေတတ်ကြောင်း၊အမြင့်မြတ်ဆုံးအနေနဲ့သင်္ကန်းအလှူကိုလှူဒါန်းတဲ့သူဟာ
ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူအထံတော်မှာဧဟိဘိက္ခု(ချစ်သားလာလော့)အခေါ်ခံရပြီးအလွယ်တကူ
ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ အမျိုးသမီးတွေဆိုရင်လည်း လောကီအကျိုး
အနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့မဟာလတာတန်ဆာကိုဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်းဘုရားသာသနာနဲ့
ကြုံတွေ့ကာနိဗ္ဗာန်ကိုမျက်မှောက် ပြုနိုင်တဲ့အထိအထောက်အပံ့ကို ဖြစ်စေကြောင်းစသဖြင့်ဖွင့်ဆိုရှင်းပြထား
တာကို တွေ့ရပါတယ်။ ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆိုသင်္ကန်းတို့
ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး
လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရဒါနခေါ်သင်္ကန်းအလှူ
မြောက်ရုံတင်မဟုတ်ဘဲ
ကာလဒါနအလှူရဲ့သဘောကအကျိုးပေးတဲ့အခါကိုယ်လိုတဲ့အချိန်မှာလိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊လိုအပ်ချိန်
မှာလိုအပ်တဲ့အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။ ပြီးတော့
ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇) မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး
ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ
အပါယ်မလားဘူးလို့လည်း အဋ္ဌကထာဆရာများက
ဖွင့်ပြထားပါတယ်။နိဗဒ္ဓဆိုတာအမြဲမပြတ်ကုသိုလ်ဖြစ်စေအပ်တယ်လို့အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ်
ကုသိုလ်ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို
စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ
ပါနေတဲ့အတွက်ဒီဝါဆိုသင်္ကန်းအလှူကိုလှူထားလိုက်ရုံနဲ့အပါယ်မလားတော့ဘူးလို့တထစ်ချ
ပြောလို့မရပါဘူး။နိဗဒ္ဓအလှူ တစ်ခုခုကိုလုပ်ထား ပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့
အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ
မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ
အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ရှိစေတော့။ ပြောချင်တာက
ဝါဆိုရည်မှန်း
မြတ်သင်္ကန်းအကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်းအလှူဟာ
စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို
လှူဒါန်းတဲ့သူတွေဟာ
သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့
ကာလဒါန အကျိုးကိုလည်း
ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း
လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းနဲ့
ပြည့်စုံနိုင်ကြောင်း၊
ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း
သင်္ကန်းလှူရတဲ့ အကျိုးအားကြောင့်
ရဟန်းဘဝကို အလွယ်တကူရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိမျက်မှောက်
ပြုနိုင်ကြောင်းစသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။လက်တွေ့အနေနဲ့ဒီသင်္ကန်းလှူဒါန်းတဲ့ကုသိုလ်
အပေါ်မှာစွဲမြဲတဲ့ စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြား အပါယ်လားစေမယ့် အကုသိုလ်
တရားတွေကိုလည်း
ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက်
ဒုတိယဘဝမှာ
အပါယ်တံခါးပိတ်ထားနိုင်တဲ့
အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့ အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်း အလှူဟာလည်း အမြတ်ဆုံး
အလှူတွေထဲက အကောင်းဆုံးအလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ
ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်းအလှူကိုလည်းအဆင်ပြေတဲ့အချိန်မှာအဆင်ပြေသလို
ရည်မှန်းကာလှူဒါန်းကြည့်ကြဖို့တိုက်တွန်းရင်း
ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။
သင်္ကန်း ( ၉ )
မျိုး
၁. သင်းပိုင် (ခါးဝတ်)
၂. ဧကသီ (ကိုယ်ရုံ)
၃. ဒုကုဋ်
(နှစ်ထပ်သင်္ကန်း)
၎. အိပ်ယာခင်း သင်္ကန်း
၅. မျက်နှာသုတ်ပုဝါသင်္ကန်း
၆. ပရိက္ခရာစောဠသင်္ကန်း
(လက်သုတ်၊ရေစစ်ပုဝါ)
၇. နိသီဒိုင်
(နေကထိုင်၊အခင်း)
၈. မိုးရေခံသင်္ကန်း
(မိုးရေချိုးသောအခါ ၀တ်ရုံရသော သင်္ကန်း)
၉. အမာလွမ်းသင်္ကန်း
(အနာပေါက်သည့်အခါ အတွင်းခံသင်္ကန်း)
ဤသင်္ကန်း (၉) မျိုးတွင် သင်းပိုင် နှင့် ဧကသီကို ဒွိစုံ ဟုခေါ်သည်။ သင်းပိုင်၊ ဧကသီ၊
ဒုကုဋ် ဤသုံးမျိုးကို တိစိဝရိတ် (သင်္ကန်း ၃ ထည်) ဟုခေါ်သည်။
ပရိက္ခရာ (၈) ပါး
၁. သင်းပိုင် (ခါးဝတ်သင်္ကန်း)
၂. ဧကသီ (အပေါ်ရုံသင်္ကန်း)
၃. ဒုကုဋ် (နှစ်ထပ်အပေါ်ရုံသင်္ကန်း)
၎. သပိတ်
၅. သင်ဓုန်းဓါး
၆. အပ်
၇. ခါးပန်းကြိုး
၈. ရေစစ်
၁. သင်းပိုင် (ခါးဝတ်သင်္ကန်း)
၂. ဧကသီ (အပေါ်ရုံသင်္ကန်း)
၃. ဒုကုဋ် (နှစ်ထပ်အပေါ်ရုံသင်္ကန်း)
၎. သပိတ်
၅. သင်ဓုန်းဓါး
၆. အပ်
၇. ခါးပန်းကြိုး
၈. ရေစစ်
ဝိသာခါ
ဒါယိကာမကြီး ရရှိသော ဆု(၈)ဆု
၁.သံဃာတော်များအား အသက်ထက်ဆုံး
ဝါဆိုသင်္ကန်းလှူဒါန်းခွင့်ရရှိခြင်း။
၂.အာဂန္တု(ဧည့်သည်)ရဟန်းတော်များအား ဆွမ်းလှူဒါန်းခွင့်ရရှိခြင်း။
၃.ခရီးသွားရဟန်းတော်များအား
ဆွမ်းလှူဒါန်းခွင့်ရရှိခြင်း။
၎.ဖျားနာသော ရဟန်းတော်များအား ဆွမ်းလှူဒါန်းခွင့်ရရှိခြင်း။
၅.လူနာစောင့် ရဟန်းအား ဆွမ်းလှူဒါန်းခွင့်ရရှိခြင်း။
၆.ဖျားနာသောရဟန်းအား ဆေးလှူဒါန်းခွင့်ရရှိခြင်း။
ရ.ဖျားနာသောရဟန်းအား
ယာဂု(ဆန်ပြုတ်)လှူဒါန်းခွင့်ရရှိခြင်း။
၈.ရဟန်းမိန်းမများအား ရေသနုပ်သင်္ကန်း
လှူဒါန်းခွင့်ရရှိခြင်း။
သင်္ကန်းလှူဒါန်းသဖြင့်
ရရှိနိုင်သော အကျိုး(၁၀)မျိုး
၁.ရွှေရောင်အဆင်းရှိသောကိုယ်ကို ရရှိခြင်း။
၂.မှက်ခြောက်
ဝက်ခြံကင်း၍ သန်းရှင်းသောကိုယ်ကို ရရှိခြင်း။
၃.အရပ်မျက်နှာများကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေနိုင်ခြင်း။
၎.ပူပန်မှု့ကင်းသောကိုယ်ကို ရရှိခြင်း။
၅.နုညံ့သိမ်မွေ့သော ကိုယ်ကို ရရှိခြင်း။
၆.အလိုရှိလျှင် အဖိုးထိုက်တန်သော အ၀တ်အထည်တို့ကို
ရရှိခြင်း။
ရ.အထူးထူး ဆန်းကြယ်သော အရောင်အသွေးစုံသော အ၀တ်အထည်တို့ကို
ရရှိခြင်း။
၈.နိုင်ငံခြားဖြစ် ပိုးထည် ၀ါထည် သားမွှေး အ၀တ်အထည်တို့ကို
ရရှိခြင်း။
၉.ပဒေသာပင်၌ ဖြစ်သော အ၀တ်အထည်တို့ကို ရရှိခြင်း။
၁၀.နောက်ဆုံးဘ၀၌
ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်ရှိပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။
ဒသိမေ ဘိက္ခဝေ စီဝရ ဒါနေန အာနိသံသာ...
(ဓမ္မပဒပါဠိတော်)
သင်္ကန်းလှူရ မြတ်ဒါန
ရွှေရောင်အဆင်း ညစ်ကြေးကင်း၍
ဖြစ်ခြင်းကိုယ်တွင် သန့်ကြည်စင်၏
ခပ်သိမ်းအရပ် ထွန်းလင်းလတ်၍
မပြတ်ကိုယ်မှာ အရောင်ဖြာ၏
ပူပင်ကင်းထ ငြိမ်းအေးမြ၍
ဘ၀ဆုံးတိုင် ချမ်းသာနိုင်၏
အလိုရှိပြန် ထောင်တန်ပုဆိုး
အကျိုးတညီ ရ၍တည်၏
ရွှေဝါရောင်ဆင်း နီလွှင်ဝင်းပ
ခေါမတိုင်းဖြစ် ပုဆိုစစ်ကို
ကျိုဆက်မြန်စွာ ရနိုင်ပါ၏
ပဒေသာဖြစ် ပုဆိုးစစ်နှင့်
ဆုံးလစ်လွန်စွာ ဘ၀မှာတည်း
ရခဲဧဟိ ဘိက္ခုထိအောင်
အကျိုးဆောင်သည် ကြံဆောင် အားထုတ်နိုင်ကြစေသတည်း။
No comments:
Post a Comment